at .com  at .com

Thursday, July 31, 2014

အယူဝါဒဆိုင်ရာ ဗုဒ္ဓရဲ့အမြင်(Critical Thinking) (သို့မဟုတ်) ကာလာမသုတ်(ကေသမုတ္တိသုတ်)


အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကေသမုတ္တိ ဆိုသော နိဂုံးအရပ်သို့ ရောက်ခဲ့လေ၏ ။ ထိုအရပ်၌ ကာလာမ အမည်ရှိသော ပုဏ္ဏားတို့
နေကြလေ၏ ။ ကာလမ ပုဏ္ဏားတို့သည် မြတ်စွာဘုရားနှင့်တွေ့ဆုံစဉ် အောက်ပါအတိုင်း မေးမြန်း စူးစမ်းကြလေ၏ ။

" အရှင်ဘုရား ၊ အချို့သော ရဟန်း ပုဏ္ဏား ( သာမဏ ဗြဟ္မဏ ) တို့သည် ဤ ကေသမုတ္တိ နိဂုံးသို့ ရောက်လာခဲ့ကြဖူးပါတယ် ၊ ဒီ ရဟန်း
ပုဏ္ဏားတို့ဟာ မိမိတို့ရဲ့ အယူဝါဒ ကိုသာပြဆိုကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါး အယူဝါဒ ကိုမူကား ထိပါးကြပါတယ် ၊
မထီမဲ့မြင် ပြုကြပါတယ် ၊ ရှုတ်ချကြပါတယ် ၊ချေဖျက်ကြပါတယ် ။"

" အရှင်ဘုရား ၊ နောက်ထပ်လည်း အခြားသော ရဟန်း ပုဏ္ဏား တွေ ဤ နိဂုံး အရပ်သို့ ရောက်လာကြပါတယ် ၊ သူတို့ကလည်း သူတို့ရဲ့
အယူဝါဒကိုသာ ပြကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါးရဲ့ အယူဝါဒတွေကိုတော့ ထိပါးကြပါတယ် ၊ ရှုတ်ချကြပါတယ်။ချေ
ဖျက်ကြပါတယ် ။"

" အရှင်ဘုရား ၊ အဲဒီ သာမဏ ဗြဟ္မဏ ခေါ်တဲ့ ရဟန်းပုဏ္ဏားတွေထဲမှာ ဘယ်သူဟာ မှန်တဲ့စကား ကိုဆိုသလဲ ဆိုတာ တပည့်တော်တို့မှာ
ယုံမှားတွေးတောပြီး သံသယ ဖြစ်ခဲ့ရပါတယ် " လို့ ဗုဒ္ဓကို ကာလာမ ပုဏ္ဏားများက လျှောက်ထား ခဲ့ဖူးပါတယ် ။

ထိုအခါ ဗုဒ္ဓဘုရားက ကာလာမပုဏ္ဏား တို့အနေနှင့် သံသယ ဖြစ်မည်ဆိုလျှင် ဖြစ်ထိုက်ကြောင်းကိုပြောဆို ညွှန်ပြပြီး အကြင်သူသည်
အယူဝါဒတစ်ခုကို မှန်သည် မှားသည် ဆုံးဖြတ်လိုသော် ပြုကျင့်အပ်သည် ဟု အချက် ဆယ် ချက်ကို ညွှန်ပြတော်မူခဲ့လေသည် ။

ထိုအချက်သည် မျက်မှောက်ခေတ် သိပ္ပံနည်းကျ အတွေးအမြင် အားလုံး၏ အခြေခံမူ ဖြစ်ရုံသာမက ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့ပြီးသမျှ
ဒဿန အယူ အားလုံးနှင့်လည်း အကျုံးဝင်လျက် ရှိသည်ကို တွေ့ရလေသည် ။ ထို အသိပညာတစ်ခု သစ္စာဆိုက်မှု၏ စံ ဟု ဆိုအပ်သော
အချက် ဆယ်ချက်၏ အရေးပါအရာရောက်မှုကို မဆိုမီ ထိုဆယ်ချက်ကို ဤတွင် အသိပေး လိုပါသေးသည် ။

သို့မှသာ အမှန်ကိုသိလိုသောသစ္စာဝါဒီတိုင်း အတွက် ထိုအချက် ဆယ်ချက်သည် ဘ၀ တစ်ခုလုံးကို အလင်းပေးသော မီးတိုင် ဆယ်တိုင်
အဖြစ် တည်ရှိ နေပါလိမ့်မည် ။

ကေသမုတ္တိ နိဂုံးသား ကာလာမမင်းတို့အား မြတ်စွာဘုရားဟောကြားခြင်း...

“ ကာလာမ မင်းတို့ ၊ သင်တို့မှာ ယုံမှားသံသယ ဖြစ်သင့်ပေ၏ ။ သင်တို့သည်

(၁) မာ အနုသ၀နေန =တစ်ဆင့် ပြောသံစကား ကြားကာမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု အတည်မယူကုန်လင့်ဦး ။
Do not believe just because it is a tradition maintained by oral repetition.

(၂) မာ မရမ္ပရာယ = ဘိုးဘွားအစဉ်ဆက်မှ ဆင်းသက်လာသောအစဉ်အဆက်စကားမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု
အတည်မယူကုန်လင့်ဦး ။
Do not believe just because it is an unbroken the succession of practice.

(၃) မာ ဣတိကိရိယာယ = အခြေအမြစ်မရှိသောကောလာဟလစကားဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because it is hearsay.

(၄) မာ ပိဋကသမ္ပဒါနေန = ပိဋကတ်စာပေ(၀ါ)ဘာသာရေးစာပေ နှင့် ညီညွတ်ပေသည်ဟူ၍လည်း ဟုတ်ပြီး၊ မှန်ပြီးဟူ၍
အမှန်မယူလင့်ဦး ။
Do not believe just because it is in scripture and literature.

(၅) မာဝိတက္ကဟေတု = ကိုယ်ကျင့်မပါ၊ အသိဉာဏ်မပါသော ကြံဆတွေးတောကာမျှဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because it is correct on the grounds of metaphysical.

(၆) မာ နယဟေတု = သူတစ်ပါးတို့၏နည်းနံနိဿျကို ပုံတူကူးချရုံဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because it fits with once's the point of view.

(၇) မာ အာကာရပရိတက္ကေန = မိမိတွေးတောထားသောအကြံအစည်များကို အသင့်ယုတ္တိပေါ်တင်ပြီးသကာလ ဟုတ်ပြီး၊ မှန်ပြီးဟူ၍
အမှန်မယူလင့်ဦး ။
Do not believe just because it agrees with once's reasoning.

(၈) မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ = သူတစ်ပါးပို့ချချက်၊ ဟောပြောချက်များကို မိမိခံယူချက်နဲ့တူကာမျှဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because it agrees with once's the opinions and theories.

(၉) မာ ဘဗ္ဗဘရုဘတာယ = ငါတို့လေးစားသောပုဂ္ဂိုလ်များ၏ စကားဖြစ်ရုံမျှဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because speaker appears believable.

(၁၀) မာ သမဏော နော ဂရုတိ = ငါတို့ကိုးကွယ်သော ရဟန်း၏ စကားဖြစ်ရုံမျှဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because our teacher says thus and thus.

ကာလာမ မင်းတို့ ---

ဤတရားတို့ကား အကုသိုလ်တရား ။ အပြစ်ရှိသော တရား ။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း ။ထိုတရားတို့ကို ကျင့်သုံးပါက
အစီးအပွားမရှိခြင်ငှာ ၊ ဆင်းရဲခြင်းငှာ ။ ဖြစ်ကုန်၏ ဟု သင်တို့သည် “ မိမိတို့ ကိုယ်တိုင် ” သိသော အခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏ ။

ဤတရားတို့ကား ကုသိုလ်တရား ။အပြစ် မရှိသော တရား ။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက
အစီးအပွားရှိသည် ချမ်းသာခြင်းငှါ ဖြစ်သည်ဟု “မိမိ ကိုယ်တိုင် ” သိသော အခါ၌ မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံ နေကုန်ရာ၏ ။

( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ် )

စုစည်းတင်ပြသူ = မာန်နဲာမေဓာ

No comments:

Redesigned by Sawlinux.